Sunday, January 24, 2016
♪ iPhone 7 မှာ ထည့်သွင်းမဲ့ နားကြပ်ပေါက် မပါတဲ့ နည်းပညာကို iOS 9.3 မှာ တွေ့ရှိ ♫
ကောလဟာလမျိုးစုံထွက်နေတဲ့ iPhone 7 ရဲ့ သတင်းတွေကို အတည်ပြုလိုက်တဲ့ သတင်းတစ်ခုကတော့ နားကြပ်ပေါက်ကို ဖြုတ်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Apple ဟာ iPhone7 ကိုအပါးဆုံးပုံစံနဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့အတွက် နားကြပ်ပေါက်ကို ဖြုတ်ဖို့ သေချာသွားတာဖြစ်ပါတယ်။ ဒါ့အပြင် iOS 9.3 ကိုလည်း iPhone 7 မှာ အသုံးပြုဖို့အတွက် စီစဉ်ထားတယ်ဆိုတာလည်း သေချာသလောက်ရှိသွားပါတယ်။
iOS developer တစ်ယောက်ဖြစ်သူ @Uloshe ဟာ iOS 9.3 ရဲ့ Coding ထဲမှာ စမ်းသပ်ရှာဖွေထားတဲ့ code များကို သူရဲ့ Twitter account မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ Code တွေကတော့ iOS 9.3 ဟာ နားကြပ်ပေါက်မပါပဲ နားကြပ်ကို အသုံးပြုနိုင်တဲ့ Coding ဖြစ်နေပါတယ်။ ဒါကြောင့်လည်း iPhone 7 ဟာ နားကြပ်ပေါက်မပါပဲ ထွက်ရှိလာမယ်ဆိုတဲ့ ကောလဟလ သတင်းက ယုံကြည့်ရမဲ့ သတင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
iPhone 7 ဟာ Li-Fi စနစ်ကို ထောက်ပံ့ပေးထားကြောင်းကိုလည်း တွေ့ရှိထားပါတယ်။ အဲ့ဒီအချက်နဲ့ပဲ iPhone 7 မှာ နားကြပ်ပေါက်မပါတဲ့ သတင်းက ခိုင်မာခဲ့ပါတယ်။ Li-Fi ဆိုတာကတော့ အလင်းနဲ့ ကြိုးမဲ့စနစ်ကို ထောက်ပံ့ပေးတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Apple စက်ရုံအနေနဲ့ အခိုင်အမာ ထွက်ရှိနေတဲ့ ကောလဟလ သတင်းများအပေါ် ဘာမှ တုံ့ ပြန်ချက်မပေးသေးတဲ့အတွက် ကောလဟလ သတင်းများကို အတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။
ref : Hack
Aung Ko Htet (MMA)
#aungkohtet_mma
Labels:
I Phone 7
Subscribe to:
Post Comments (Atom)
No comments:
Post a Comment